Nov 10, 2011

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ
================

ပန်းနုရောင် နှုတ်ခမ်းစွန်းက အပြုံးလေးမှာ
ငါ့နှလုံးသွေး မြေခတာကို တွေးရင်း
လွမ်းမိတယ် ချစ်သူ


ပုလဲဖြူရောင် မျက်ဝန်းလေးမှာ
ငါ့အသည်းလေး ကြွေကျတာကို တွေးရင်း
လွမ်းတယ် ချစ်သူ


ဖန်သားရောင် စိတ်ထားလေးမှာ ကြည်နူးဖူးတဲ့
အိမ်မက်တွေကို ပြန်တွေးရင်း
ငါလွမ်းတယ် ချစ်သူ


ဒီအချိန်တွေ ကုန်သွားမှာကို ငါကြောက်လို့
နေ့စွဲတွေ ဖြိုချရင်း ပုံရိပ်နဲ့
လွမ်းရုပ်လွှာကို ခြုံထားပါတယ် ချစ်သူ




PS : တခါတုန်းက အဖြစ်အပျက်လေးတွေကို တစ်ယောက်သောသူ အတွက် ရေးထားတဲ့
       တစ်ယောက်သောသူရဲ့ စာမျက်နှာပေါ်တင်ခွင့်မရလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ ။


       Thanks , My Friend Nyein Chan For UR Idea About The Title. :)

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More