This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Nov 26, 2011

ချစ်သူ ….. သို့



ဆောက်တည်ရာမဲ့ အတွေး
မျောလွင့်နေတဲ့ စိတ်ကူး
သက်ပြင်းတွေနဲ့ ရင်ခွင်
နားခိုရာမဲ့ နှလုံးသားတွေနဲ့
ဖွင့်ဟခွင့်မရှိတဲ့ ဘ၀မှာ
အချစ်တွေကို မျိုသိပ်လို့ပေါ့ ..

သို့……. သူငယ်ချင်း




ဘာမှချည်နှောင်မှု မရှိဘဲ
ခင်မင်မှုသာအဓိကဆိုပြီး
နင်နဲ့ငါခင်ခဲ့ကြတယ်နော် .
ရင်ထဲကဆန္ဒတွေကို
ငါတို့တွေ မျိုသိပ်
အိပ်မက်တွေကိုထိန်းချုပ်လို့ပေါ့ ..

ရင်ဝှက်ပန်း




ချစ်သူရေ ..
ကောင်းကင်ယံမှာလမင်းလေးကို
ငါ ..ငေးကြည့်မိသလို
မင်းကိုလည်း
လမင်းအဖြစ်နဲ့သာ
ငါ .. ငေးကြည့်ပါရစေလားကွယ် .

အမည်မဲ့ကဗျာ


Nov 10, 2011

အခြမ်းပျောက်လမ်း

အခြမ်းပျောက်လမ်း
****************


ကျွန်တော်က အခြမ်းပျောက်တဲ့ လမ်းမှာစမ်းတ၀ါးဝါး ဖြစ်နေသူပါဗျာ။ ရယ်ပါ။ ရယ်ကြပေါ့၊ ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့ အခြမ်းပျောက် ဆိုတာ ခကွေးယပင့်နဲ့ ချမ်းတာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။

ခကွေးယရစ်နဲ့ ခြမ်းတာကို ပြောနေတာ။ ဟုတ်ပါတယ်။ ပြောပါမယ်။ ခင်ဗျားတို့က ကျွန်တော်ပြောရင် ဟား ဖို့ပဲစဉ်းစားနေသူတွေကိုဗျ။ ကျွန်တော်က ဟိုးရှေးရှေးခေတ် ဂရိဒဏ္ဍာရီထဲက အဖြစ်အပျက်ကို အခြေခံပြီး ပြောနေတာ။

ခင်ဗျားတို့က ကျမ်းကိုးပါမှ ကြိုက်တဲ့လူတွေ။ ဒါပေမယ့် ကျမ်းကိုးနဲ့ ပြောရင်ခင်ဗျားတို့က ဟားကြ ဦးမှာဘဲ။ အင်္ဂလိပ် စကားမှာ Their Other Half ဆိုတဲ့ စကားရှိတယ်။

သူမသည်


သူမသည် နွေးထွေး၍ ချစ်စဖွယ်ကောင်းသော ယုန်မလေး တစ်ကောင် ဖြစ်သည်
ထို့အတူ သူမသည် သွေးအေးစွာ ဆက်ဆံတတ်သော ကျားမလေး လည်းဖြစ်သည်
သူမသည် သင်းပျံ့သော မွှေးရနံ့သင်းသော နှင်းဆီပန်းကလေး တစ်ပွင့် ဖြစ်သည်
ထို့အတူ သူမသည် ဆူးများကို အရွက်များနှင့် ဖုံးထားသော ပန်းကလေးလည်း ဖြစ်သည်
သူမသည် ဒဏ်ရာရဖူးသော စာကလေးတစ်ကောင်ဖြစ်၍ ဒဏ်ရာရနေသော ကျားသစ်မလေးလည်းဖြစ်သည်

ပစ္စုပ္ပါန် ဘဝ





အို ဖန်ခွက်ငယ် တစ်လုံး
အသုံးတော်ခံချင်ပါသော်လည်း
အနားပဲ့နေတဲ့ ဖန်ခွက်မို့
လက်ကမ်းနေလည်း တတ်လှမ်းရန်
မ၀ံ့ခဲ့တော့ပါ


အို တယောငယ်တစ်လုံး
ဖျော်ဖြေချင်ပါသော်လည်း
ကြိုးတံများက ဟောင်းနွမ်းခဲ့ပြီမို့
သံစဉ်ချိုအေး ထုတ်ပေးရန်
ပခုံးပေါ်သို့ မတတ်လှမ်းဝံ့တော့ပါ


အို စာအုပ်ငယ် တစ်အုပ်
ရေးမှတ်စေချင်ပါသော်လည်း
စာရွက်များက မှင်စွန်းခဲ့ပြီမို့
ရေးဖို့လက်ကမ်း မမျှော်မှန်း
ဝံ့တော့ပါ


အို သစ်ပင်ငယ် တစ်ပင်
အေးမြမှုကို ပေးချင်ပါသော်လည်း
ရော်ရွက်ဝါများ ကြွေကျခဲ့ပြီမို့
အလင်းရောင်ထိုး ပူမည်စိုး၍
ပင်ပန်းသူအလာ မစောင့်စားဝံ့ပါ


အို နှင်းဆီငယ်တစ်ပွင့်
မွှေးပျံ့မှုကို ပေးချင်သော်လည်း
အရောင်ညှိုးနွမ်း မလန်းပြီမို့
ပန်ဆင်သူဖို့ အလှမတိုး၍
ဆံနွယ်ရှေ့မှောက် မခစားဝံ့တော့ပါ

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ
================

ပန်းနုရောင် နှုတ်ခမ်းစွန်းက အပြုံးလေးမှာ
ငါ့နှလုံးသွေး မြေခတာကို တွေးရင်း
လွမ်းမိတယ် ချစ်သူ


ပုလဲဖြူရောင် မျက်ဝန်းလေးမှာ
ငါ့အသည်းလေး ကြွေကျတာကို တွေးရင်း
လွမ်းတယ် ချစ်သူ


ဖန်သားရောင် စိတ်ထားလေးမှာ ကြည်နူးဖူးတဲ့
အိမ်မက်တွေကို ပြန်တွေးရင်း
ငါလွမ်းတယ် ချစ်သူ


ဒီအချိန်တွေ ကုန်သွားမှာကို ငါကြောက်လို့
နေ့စွဲတွေ ဖြိုချရင်း ပုံရိပ်နဲ့
လွမ်းရုပ်လွှာကို ခြုံထားပါတယ် ချစ်သူ




PS : တခါတုန်းက အဖြစ်အပျက်လေးတွေကို တစ်ယောက်သောသူ အတွက် ရေးထားတဲ့
       တစ်ယောက်သောသူရဲ့ စာမျက်နှာပေါ်တင်ခွင့်မရလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ ။


       Thanks , My Friend Nyein Chan For UR Idea About The Title. :)

Nov 3, 2011

မလင်းခဲ့တဲ့ကြယ်


မလင်းခဲ့တဲ့ ကြယ်
==========

နေပူကျဲကျဲပြေးလွှားတောင် မမောပဲ
ဒီ “မျက်ဝန်းလေး” တေးသွားမှာ
“ငါ” မောတယ် ….

သူရယ် …. ကျွန်တော်ရယ် …
ဟိုးအဝေး ….. ခပ်လှမ်းလှမ်းက
ကမ္ဘာငယ် တစ်ခုရယ်
(စိတ်ကူးထဲမှာ) ပျော်ခဲ့ဖူးတယ် ….

ဒါပေမဲ့လည်းကိုယ့်ဘ၀က
အမှောင်ဆိုတာထက် ညဥ့်နက်တယ် …
အမှောင်တွေထဲမင်းကြောက်မှာလည်းစိုးမိတယ် ….
ခေါ်ဆောင်ယူဖို့ အားမရှိဘူးကွယ် …

ဒီလိုနဲ့ (ကျွန်တော်)
တွေ … ဝေ … နေ … ရင်း
သူ့ရဲ့ဘေးမှာ “ကြယ်” တွေများလာတယ် ...
ဟိုမှာတစ်လုံး … ဒီမှာတစ်လုံးနဲ့ …
အမှောင်တွေပဲညဥ့်နက်လို့လား …. ?
ငါကပဲ“ကြယ်”တွေလိုမျိုးမလင်းတတ် လို့လား … ?

ဟုတ်ပါတယ် …ကောင်မလေးရယ်
ငါဟာ ငါ့မျက်လုံးတွေကို
ညာခဲ့တဲ့ ကောင်ပါကွယ် ….

Twitter Delicious Facebook Digg Stumbleupon Favorites More