Feb 12, 2012

တစ်ခန်းရပ် ပုံပြင်



 
ချစ်သူရေ ….. အလွမ်းရက် ရှည်စေအုံးတော့ ….
မင်း နှုတ်ခမ်းရဲ့ တစ်ခန်းရပ် ပုံပြင် အလယ်မှာ
(သွေ့ခြောက်စွာ) ငါ့ အနမ်းတွေရပ်တန့်နေပါစေအုံးတော့ ….

ချစ်သူရေ … ချစ်တတ်ခြင်းကို“တုံးအခြင်း”လို့ ဖွင့်ဆိုသူတွေ များတယ် …
ဒီကဗျာတွေရဲ့ စည်းချက်ထဲမှာ“အသည်းအက်”ဖူးတွေသာများတယ် …
ငါတွေ့ဖူးသမျှ အချစ်ဆိုတာလည်း “မိုးခါးရေ” ကို ချိုသူတွေ များတယ် …
ဟုတ်ပါတယ် အလွမ်းတော် ပြဇာတ်ကိုတုံးအသူတွေသာရင်ခွင်မှာပိုက်ထားတယ် …

အရူးမလေးရေ …
ပူလောင်တဲ့ ဒီ နွေဦးမှာ နှင်းတွေ ဖွဲဖွဲလေးကျနေတယ် ကွဲ့ …
ဒါကြောင့်လည်းနင်ပေးတဲ့ အလွမ်းတို့ ပျောက်ဖို့ရာအတော်ကြာမယ် ထင်ပါတယ် …
အချိန်ရရင် ကိုယ့် နှလုံးသားကိုဓါတ်ခွဲခန်းမှာစမ်းကြည့်ရအုံးမယ် ကွယ် …
အမုန်းတစ်ခု ဖြစ်ဖို့ရာကိုယ့်မှာအခန်းလွတ် များအပိုပါလာသလားလို့ …

နင်မပေးခဲ့တဲ့ ဥယျာဉ်ကိုအချစ် ဆိုပြီးလူသိများတယ် …
အချစ် ဆိုတဲ့ ဥယျာဉ် ကျယ်ကျယ် အလယ် မှာလည်း
(ငါ) ဆိုတာအလွမ်း မျိုးစေ့ကိုအောင်မြင်စွာ
ပျိုးခဲ့နေသူအဖြစ်သာလူသိများတယ် …

နင်ပြောခဲ့တဲ့ ပုံပြင်ရယ် …
နင်မပေးခဲ့တဲ့ အကြင်နာရယ် …
နင်ထားခဲ့တဲ့ ဒဏ်ရာရယ် …
ဒီတစ်ခန်းရပ် ပုံပြင်ထဲမှာကျန်ခဲ့တယ် …

Era
11/2/2012 (1:30 A.M)

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More