Jan 18, 2012

လမ်းဆုံတစ်ခု ၏ မှားယွင်းခြင်းများ

မိုးဖွဲဖွဲကျတိုင်းသာငိုရရင် သေချာတယ် နင်စိုနေတာမိုးရေမဟုတ်ဘူး …
ရင်ဘတ်ထဲကကျလာတဲ့ ငါ့မျက်ရည်ပဲ ဖြစ်ရမယ်

“သူနဲ့ ကျွန်တော်ဟာဒီလမ်းဆုံမှာခေတ္တဆုံကြသူတွေတဲ့ ”
မဆီမဆိုင် ကျွန်တော် လမ်းဆုံတွေကို ပြစ်ပြစ်နှစ်နှစ် မုန်းမိတယ်
ဒီထက့်ပိုပြီးမုန်းတာကလမ်းဆုံရဲ့ ပတ်လည်က“လမ်းခွဲ”တွေ
နောက်ပြီး ကျွန်တော်တို့ ဆုံနေကျ အတန်းထဲကခုံတန်းတွေ ….



ဒီကောင်မလေးရဲ့ ရင်ထဲမှာမမက်ဖြစ်လိုက်တဲ့ ကျွန်တော့် အိပ်မက် အသေတွေရှိတယ် ….
ဒီကောင်မလေးရဲ့ ရင်ထဲမှာ နိုးထခွင့်မရလိုက်တဲ့ ကျွန်တော့် ကြင်နာမှု အသေတွေရှိမယ် …
ဒီကောင်မလေးရဲ့ ရင်ထဲမှာဖွင့်မဖတ်ဖြစ်လိုက်တဲ့ ကျွန်တော့် Diary ထဲကစာတွေရှိမယ် …
ထပ်ပြီးတော့ တိုက်ကြည့်ခွင့်မရလိုက်တဲ့ လက်ဖ၀ါးတစ်နေရာစာ ရှိမယ် …

            “ အချစ်ဆိုတာချစ်ခွင့်ရဖို့ အရေးမကြီးပါ ”
            “ အမြဲရှင်သန်နေဖို့သာအရေးကြီးပါသတဲ့ ”

အဘယ် နတ်ဘုရားကများ (ငါ့ကို) ဆိုးဝါးစွာ ဒဏ်ခတ်ပါသလဲ ?
ကျွန်တော့် အချစ်ကဒီ “လမ်းဆုံ” မှာမမွေးခင်ကသေခဲ့တယ် …

ရန်သူရဲ့ မြှားတစ်စင်းလိုသူမနံဘေးက “အရိပ်” တွေက
“ခွင်း” လို့ ကျလာတဲ့ (ကျွန်တော့်ရဲ့)
အနာတရယိုစီးမှုတွေလည်းဒီ “လမ်းဆုံ” မှာရှိတယ် …

“ အသံမဲ့ ဘာသာဗေဒတစ်ခုကိုနားလည်အောင်
  ငါ ဘယ်လိုပြောရပါ့မလဲတောပုန်းမလေးရယ် ”

ဒီမှော်ဆရာရဲ့ ပြကွက် တွေအောက်မှာကော
ငါတို့ဘယ်သူတွေ မှားခဲ့ပါသလဲ ?
သေချာတာတစ်ခုကဒီလမ်းမပေါ်မှာကျန်ခဲ့တဲ့
ကျွန်တော်လည်းမမှားဘူးသူလည်းမှန်တယ် …

မှားတာကငါတို့နှစ်ယောက် ရပ်နေတဲ့
ဒီ “လမ်းဆုံ” မှာ ဖြတ်တိုက်သွားတဲ့
လေပြေအေးတွေပါပဲကွယ် ….

Era
12:47 A.M (15.1.2012)

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More