Nov 3, 2011

မလင်းခဲ့တဲ့ကြယ်


မလင်းခဲ့တဲ့ ကြယ်
==========

နေပူကျဲကျဲပြေးလွှားတောင် မမောပဲ
ဒီ “မျက်ဝန်းလေး” တေးသွားမှာ
“ငါ” မောတယ် ….

သူရယ် …. ကျွန်တော်ရယ် …
ဟိုးအဝေး ….. ခပ်လှမ်းလှမ်းက
ကမ္ဘာငယ် တစ်ခုရယ်
(စိတ်ကူးထဲမှာ) ပျော်ခဲ့ဖူးတယ် ….

ဒါပေမဲ့လည်းကိုယ့်ဘ၀က
အမှောင်ဆိုတာထက် ညဥ့်နက်တယ် …
အမှောင်တွေထဲမင်းကြောက်မှာလည်းစိုးမိတယ် ….
ခေါ်ဆောင်ယူဖို့ အားမရှိဘူးကွယ် …

ဒီလိုနဲ့ (ကျွန်တော်)
တွေ … ဝေ … နေ … ရင်း
သူ့ရဲ့ဘေးမှာ “ကြယ်” တွေများလာတယ် ...
ဟိုမှာတစ်လုံး … ဒီမှာတစ်လုံးနဲ့ …
အမှောင်တွေပဲညဥ့်နက်လို့လား …. ?
ငါကပဲ“ကြယ်”တွေလိုမျိုးမလင်းတတ် လို့လား … ?

ဟုတ်ပါတယ် …ကောင်မလေးရယ်
ငါဟာ ငါ့မျက်လုံးတွေကို
ညာခဲ့တဲ့ ကောင်ပါကွယ် ….

0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More