ဆောက်တည်ရာမဲ့ အတွေး
မျောလွင့်နေတဲ့ စိတ်ကူး
သက်ပြင်းတွေနဲ့ ရင်ခွင်
နားခိုရာမဲ့ နှလုံးသားတွေနဲ့
ဖွင့်ဟခွင့်မရှိတဲ့ ဘ၀မှာ
အချစ်တွေကို မျိုသိပ်လို့ပေါ့ …..
အခုတော့ ငါ့ရင်ထဲမှာ
အလွမ်းပန်းကလေးသော်မှ
ပွင့်ခွင့်မရပါလားကွယ် ……
အိပ်မက်က နိုးထတော့
ငါကနောင်တပေါ်မှာ
နောက်တစ်ကြိမ် ပြန်ထဖို့
မဖြစ်နိုင်တော့ပါဘူး……
တကယ်တော့
ဘာမှ မပိုင်ဆိုင်တဲ့ ငါ့ဘ၀မှာ
မင်းကိုပေးနိုင်တာစကားတစ်ခွန်း
“မင်းကိုငါ သိပ်ချစ်ခဲ့ပါတယ်
0 comments:
Post a Comment
သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်