Nov 26, 2011

သို့……. သူငယ်ချင်း




ဘာမှချည်နှောင်မှု မရှိဘဲ
ခင်မင်မှုသာအဓိကဆိုပြီး
နင်နဲ့ငါခင်ခဲ့ကြတယ်နော် .
ရင်ထဲကဆန္ဒတွေကို
ငါတို့တွေ မျိုသိပ်
အိပ်မက်တွေကိုထိန်းချုပ်လို့ပေါ့ ..


သူငယ်ချင်းရေ
သံယောဇဉ်ကိုစာသားဖွဲ့
မြတ်နိုးမှုကိုကာရံလုပ်
မင်းအတွက် ကဗျာတစ်ပုဒ်
ငါ နှလုံးသားမှာရေးမိတယ် .

သို့ပေမဲ့
ငါတို့ .. နှစ်ယောက်ကြားမှာ
သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်း
အင်အားကသိပ်ကြီးလွန်းနေတော့
နီးနိုင်မယ် မထင်ဘူး ..
သံယောဇဉ်တွေရဲ့ အဆုံးသတ်
မနီးစပ်နိုင်တော့တဲ့ ဘ၀မှာဖြင့်
လမ်းလည်းမခွဲမုန်းလည်းမမုန်းဘဲ
သူငယ်ချင်းလိုပဲဆက်၍
ချစ်ကြတာပေါ့ . နော်
သူငယ်ချင်း

                              ဆန္ဒ


မှတ်ချက် ။         ။ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ ဆန္ဒ ရဲ့  ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ် ...


0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More