Nov 26, 2011

ရင်ဝှက်ပန်း




ချစ်သူရေ ..
ကောင်းကင်ယံမှာလမင်းလေးကို
ငါ ..ငေးကြည့်မိသလို
မင်းကိုလည်း
လမင်းအဖြစ်နဲ့သာ
ငါ .. ငေးကြည့်ပါရစေလားကွယ် .


ချစ်သူရေ
ဘ၀မှာ ကဗျာတွေကို
ငါ .. ချစ်မိသလို
မင်းကိုလည်း
ကဗျာအဖြစ်နဲ့သာ
ငါ .. ချစ်ပါရစေလားကွယ် .

ပန်းကလေးရေ
ပင်ယံထက်မှာဖူးပွင့်မှာကို
ငါ .. မျှော်လင့်မိသလို
မင်းကိုလည်း
ပန်းကလေးအဖြစ်နဲ့သာ
ငါ .. မျှော်လင့်ပါရစေလားကွယ်

ချစ်သူရေ
တကယ်တော့လေမင်းဟာ
ငါ . မနမ်းရက်တဲ့
ပန်းတစ်ပွင့်ပါကွယ် ..

                                  ဆန္ဒ



မှတ်ချက် ။         ။ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ ဆန္ဒ ရဲ့  ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ် ...


0 comments:

Post a Comment

သူငယ်ချင်းတို့ ရဲ့ ထင်မြင်ချက်တွေ ပြောခဲ့လို့ ရပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More