
(၁) လေထုထဲတွင် “အမှတ်တရ” တစ်ချို့လောင်ကျွမ်းနေသည် ။ ထိုလောင်ကျွမ်းမှုအတွက် (ဖြစ်နိုင်လျှင်) သက်ဆိုင်သူ အားလုံးကို တရားစွဲဆိုချင်ပါသည် ။ မည်သည့် ပုဒ်မနှင့် အရေးယူ ရမည် ကို ကျေးဇူးပြု၍ ဖြေကြားပေးကြပါ ။
(၂)
“အမှန် နှင့် အမှား” ဟူသည် စည်းတစ်ကြောင်းသာ ခြားသည် ဟူ၍ ကျွန်တော် မှတ်သားဖူးပါသည် ။
ထို့ကြောင့် ကျွန်တော့်၏ လက်ဖ၀ါးအား စည်းတစ်ခုအသွင် သဘောထား၍ အမှန်နှင့် အမှား အားချရေးကြည့်သည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ကျွန်တော် ပြသောအမှန်သည် အခြားတစ်ဖက် (သူမဘက်)...