This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Jan 29, 2017

No Title


မိုးရေတွေ ကျနေဆဲပဲ ကလေးရယ် ...
ငါ ဒီနေ့ ကဗျာ ပြန်ရေးဖြစ်သွားတယ် ...
ငါ ခုံနံပါတ်တွေကို ငါမေ့လျော့နေခဲ့တာ
ကြာ ခဲ့ ပေါ့ ...

စာမေးပွဲတွေ အကြိမ်ကြိမ်ကျ
ဘ၀ဆိုတာကိုလည်း စုတ်ပြတ်နေတဲ့
လှေခါးထစ် အဖြစ် ပိုမမြင်ခဲ့ဖူးဘူး ...

နောက်ပြီး ငါဟာ ဘိုးတံမဲ့နေတဲ့
တယောတစ်ချောင်း ဖြစ်တယ် ...

နောက်ပြီး ငါဟာ အဓိပ္ပာယ်မဲ့နေတဲ့
ပန်းချီကားတစ်ချပ် ဖြစ်တယ် ...

စုတ်ပြတ်သတ်နေတဲ့ ဘ၀ကို ခြယ်မှုန်းဖို့
မင်းလက်ဖ၀ါးတွေ တကယ်ကို လိုအပ်တယ် ...

Feb 12, 2012

တစ်ခန်းရပ် ပုံပြင်



 
ချစ်သူရေ ….. အလွမ်းရက် ရှည်စေအုံးတော့ ….
မင်း နှုတ်ခမ်းရဲ့ တစ်ခန်းရပ် ပုံပြင် အလယ်မှာ
(သွေ့ခြောက်စွာ) ငါ့ အနမ်းတွေရပ်တန့်နေပါစေအုံးတော့ ….

ချစ်သူရေ … ချစ်တတ်ခြင်းကို“တုံးအခြင်း”လို့ ဖွင့်ဆိုသူတွေ များတယ် …
ဒီကဗျာတွေရဲ့ စည်းချက်ထဲမှာ“အသည်းအက်”ဖူးတွေသာများတယ် …

Jan 18, 2012

လမ်းဆုံတစ်ခု ၏ မှားယွင်းခြင်းများ

မိုးဖွဲဖွဲကျတိုင်းသာငိုရရင် သေချာတယ် နင်စိုနေတာမိုးရေမဟုတ်ဘူး …
ရင်ဘတ်ထဲကကျလာတဲ့ ငါ့မျက်ရည်ပဲ ဖြစ်ရမယ်

“သူနဲ့ ကျွန်တော်ဟာဒီလမ်းဆုံမှာခေတ္တဆုံကြသူတွေတဲ့ ”
မဆီမဆိုင် ကျွန်တော် လမ်းဆုံတွေကို ပြစ်ပြစ်နှစ်နှစ် မုန်းမိတယ်
ဒီထက့်ပိုပြီးမုန်းတာကလမ်းဆုံရဲ့ ပတ်လည်က“လမ်းခွဲ”တွေ
နောက်ပြီး ကျွန်တော်တို့ ဆုံနေကျ အတန်းထဲကခုံတန်းတွေ ….


Jan 16, 2012

တစ်ခါတုန်းကအဆိုတော်တစ်ယောက်




          
တောင်ဥက္ကလာကားလမ်းမတစ်ခုမှာရှိတဲ့ လူငယ်တော်တော်များများ ထိုင်သောနေရာတစ်နေရာကို ဦးထုပ် ခပ်ငိုက်ငိုက် ဆောင်းထားပြီးဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ် ။သူတို့ မျက်နှာတွေကိုသေချာစွာမမြင်ရ။ ဒါကြောင့် ဘယ်သူတွေ မှန်းလည်းမသိ။ ဘယ်သူမှလည်းသူတို့ကိုအလေးထားစိတ်ဝင်စားမနေကြပါ။ သူတို့ဝင်လာတဲ့ အချိန်ကနေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာသာမာန်ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်။ ဒီအချိန်မှာလူငယ်တွေကသာ သူတို့ကြိုက်ရာသီချင်းလေးတွေကိုနားထောင်ဖို့ ထိုင်တတ်ကြတာ။ ဒီဆိုင်ကလည်းသူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။ ဒီလူနှစ်ယောက် ဆိုင်ထဲမှာထိုင်နေတဲ့ အချိန်မှာဒီဆိုင်မှာဖွင့်ထားတာကအဲဒီအချိန်မှာနာမည်ကြီးလူငယ် အကြိုက်ဆုံးသီချင်းခွေ ၊ လူငယ်အားလုံးကလည်းဒီသီချင်းလေးကိုနားထောင်နေတဲ့ အချိန် ။

ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲကအသက် ငယ်ငယ်နဲ့ လူတစ်ယောက်က ကာင်တာကိုထသွားပြီးသူ့လက်ထဲကသီချင်းခွေလေးတစ်ခွေကိုကောင်တာမှာထိုင်နေတဲ့ ဆိုင်ရှင်ကိုပေးတယ်။

“ အကို ကျွန်တော့်ကိုဒီအခွေလေးဖွင့်ပေးပါလား။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .

“ ဟ . . မင်းအခွေကဘာခွေလဲကွ.  ။ ”

“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲလို့ စမ်းဖွင့် ကြည့်စေချင်လို့ပါ ။ ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက . .

Dec 3, 2011

“ အမှတ်တရ ပုဒ်မ ”



(၁) လေထုထဲတွင် “အမှတ်တရ” တစ်ချို့လောင်ကျွမ်းနေသည် ။ ထိုလောင်ကျွမ်းမှုအတွက် (ဖြစ်နိုင်လျှင်) သက်ဆိုင်သူ အားလုံးကို တရားစွဲဆိုချင်ပါသည် ။ မည်သည့် ပုဒ်မနှင့် အရေးယူ ရမည် ကို ကျေးဇူးပြု၍ ဖြေကြားပေးကြပါ ။

(၂)
“အမှန် နှင့် အမှား” ဟူသည် စည်းတစ်ကြောင်းသာ ခြားသည် ဟူ၍ ကျွန်တော် မှတ်သားဖူးပါသည် ။


ထို့ကြောင့် ကျွန်တော့်၏ လက်ဖ၀ါးအား စည်းတစ်ခုအသွင် သဘောထား၍ အမှန်နှင့် အမှား အားချရေးကြည့်သည် ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ ကျွန်တော် ပြသောအမှန်သည် အခြားတစ်ဖက် (သူမဘက်) တွင် အမြဲဆိုသလို အမှား ဖြစ်နေခြင်းပင် ဖြစ်သည် ။ ထိုကိစ္စအား “ကံကြမ္မာ” ဟူသော ခပ်ညံ့ညံ့ ငနဲတစ်ကောင်အပေါ်တွင် ကျွန်တော် (လုံးဝ) အပြစ်ဖို့လိုခြင်း မရှိပါ ။ အပြစ်ဆိုချင်းဆိုရလျှင် စာရွက်တစ်ရွက်၏ စာမျက်နှာတစ်ဖက်တည်းကိုသာ လှန်လှော၍ အပေါ်ယံ ရှပ်ဖတ်တတ်သော သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုသာ အပြစ်ဆိုရပေလိမ့်မည် ။

(၃)
အရိုင်းအစိုင်းတစ်ကောင်အား ယဉ်ပါးစေခဲ့သော “မှော်ဆန်ဆန် တီးလုံးများ” ကိုလည်း ကျေးဇူးတင်ပါသည် ။


မည်သို့ပင် ဆိုစေကာမူ မထင်မှတ်သော တီးလုံးများ၏ တွဲဖက်မှုအမှားတွင် ထိုမှော်ဆန်သော ဂီတသည် ကမ္ဘာပျက်တီးလုံး တစ်ခု ဖြစ်သွားရခြင်း သာဖြစ်သည် ။ ထို့ကြောင့် ဖြစ်နိုင်လျှင် (ချစ်သူနှစ်ဦး၏ ) နားများကို ပိတ်ထားစေလိုသည် ။ သင်တို့၏ နားထဲတွင် ကမ္ဘာဖျက် တီးလုံး များ၏ အသံများ ကင်းဝေး စေလိုသော စေတနာ ဖြစ်ပါသည် ။

(၄)
တိုက်ဆိုင်မှုများ၏ အနားသတ်အဆုံးတွင်တော့ ကျွန်တော်တို့၏ “အမှတ်တရ” များကို မီးခိုးငွေ့များ အဖြစ်သာ မြင်ရတော့မည် ဖြစ်သည် ။ ထိုကိစ္စအား ကျွန်တော် လုံးဝ (လုံးဝ) ကျေနပ်ခြင်းမရှိပါ ။ ထို့ကြောင့် (အားလုံး၏ ကိုယ်စား) ဖြစ်နိုင်လျှင် သက်ဆိုင်သူ အားလုံးကို တရားစွဲဆိုချင်ပါသည် ။
သင်တို့၏ တာဝန်က ကျွန်တော့်ကိုယ်စား မည်သည့်ပုဒ်မနှင့် တရားစွဲ ဆိုရမည် ကို ဖြေကြားပေးရန်သာ ဖြစ်ပါသည် ။


ပြောပြခွင့်




လေပြေတွေ တိုက်ခတ်ပေမဲ့
ပန်းကလေးရဲ့ သင်းရနံ့ကို
နမ်းရှိုက်ခွင့် မရှိတော့ဘူး……..


ကြယ်စင်တွေ လင်းလက်ပေမဲ့
လမင်းရဲ့ လှပမှုကို
မော့ကြည့်ခွင့် မရှိတော့ဘူး ……


ကြင်နာသူ ပြုံးနေပေမဲ့
ရွှန်းလဲ့တဲ့ အပြုံးလေးကို
ငေးကြည့်ခွင့် မရှိတော့ဘူး ……


ဒဏ်ရာတွေ ခါးနေပေမဲ့
ကြင်နာသူ မင်းလေးကို
ပြောပြခွင့် မရှိတော့ဘူး ……..

Nov 26, 2011

ချစ်သူ ….. သို့



ဆောက်တည်ရာမဲ့ အတွေး
မျောလွင့်နေတဲ့ စိတ်ကူး
သက်ပြင်းတွေနဲ့ ရင်ခွင်
နားခိုရာမဲ့ နှလုံးသားတွေနဲ့
ဖွင့်ဟခွင့်မရှိတဲ့ ဘ၀မှာ
အချစ်တွေကို မျိုသိပ်လို့ပေါ့ …..

သို့……. သူငယ်ချင်း




ဘာမှချည်နှောင်မှု မရှိဘဲ
ခင်မင်မှုသာအဓိကဆိုပြီး
နင်နဲ့ငါခင်ခဲ့ကြတယ်နော် ….
ရင်ထဲကဆန္ဒတွေကို
ငါတို့တွေ မျိုသိပ်
အိပ်မက်တွေကိုထိန်းချုပ်လို့ပေါ့ ..

ရင်ဝှက်ပန်း




ချစ်သူရေ …..
ကောင်းကင်ယံမှာလမင်းလေးကို
ငါ …..ငေးကြည့်မိသလို
မင်းကိုလည်း
လမင်းအဖြစ်နဲ့သာ
ငါ ….. ငေးကြည့်ပါရစေလားကွယ် ….

အမည်မဲ့ကဗျာ


Nov 10, 2011

အခြမ်းပျောက်လမ်း

အခြမ်းပျောက်လမ်း
****************


ကျွန်တော်က အခြမ်းပျောက်တဲ့ လမ်းမှာစမ်းတ၀ါးဝါး ဖြစ်နေသူပါဗျာ။ ရယ်ပါ။ ရယ်ကြပေါ့၊ ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့ အခြမ်းပျောက် ဆိုတာ ခကွေးယပင့်နဲ့ ချမ်းတာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။

ခကွေးယရစ်နဲ့ ခြမ်းတာကို ပြောနေတာ။ ဟုတ်ပါတယ်။ ပြောပါမယ်။ ခင်ဗျားတို့က ကျွန်တော်ပြောရင် ဟား ဖို့ပဲစဉ်းစားနေသူတွေကိုဗျ။ ကျွန်တော်က ဟိုးရှေးရှေးခေတ် ဂရိဒဏ္ဍာရီထဲက အဖြစ်အပျက်ကို အခြေခံပြီး ပြောနေတာ။

ခင်ဗျားတို့က ကျမ်းကိုးပါမှ ကြိုက်တဲ့လူတွေ။ ဒါပေမယ့် ကျမ်းကိုးနဲ့ ပြောရင်ခင်ဗျားတို့က ဟားကြ ဦးမှာဘဲ။ အင်္ဂလိပ် စကားမှာ Their Other Half ဆိုတဲ့ စကားရှိတယ်။

သူမသည်


သူမသည် နွေးထွေး၍ ချစ်စဖွယ်ကောင်းသော ယုန်မလေး တစ်ကောင် ဖြစ်သည်
ထို့အတူ သူမသည် သွေးအေးစွာ ဆက်ဆံတတ်သော ကျားမလေး လည်းဖြစ်သည်
သူမသည် သင်းပျံ့သော မွှေးရနံ့သင်းသော နှင်းဆီပန်းကလေး တစ်ပွင့် ဖြစ်သည်
ထို့အတူ သူမသည် ဆူးများကို အရွက်များနှင့် ဖုံးထားသော ပန်းကလေးလည်း ဖြစ်သည်
သူမသည် ဒဏ်ရာရဖူးသော စာကလေးတစ်ကောင်ဖြစ်၍ ဒဏ်ရာရနေသော ကျားသစ်မလေးလည်းဖြစ်သည်

ပစ္စုပ္ပါန် ဘဝ





အို ဖန်ခွက်ငယ် တစ်လုံး
အသုံးတော်ခံချင်ပါသော်လည်း
အနားပဲ့နေတဲ့ ဖန်ခွက်မို့
လက်ကမ်းနေလည်း တတ်လှမ်းရန်
မ၀ံ့ခဲ့တော့ပါ


အို တယောငယ်တစ်လုံး
ဖျော်ဖြေချင်ပါသော်လည်း
ကြိုးတံများက ဟောင်းနွမ်းခဲ့ပြီမို့
သံစဉ်ချိုအေး ထုတ်ပေးရန်
ပခုံးပေါ်သို့ မတတ်လှမ်းဝံ့တော့ပါ


အို စာအုပ်ငယ် တစ်အုပ်
ရေးမှတ်စေချင်ပါသော်လည်း
စာရွက်များက မှင်စွန်းခဲ့ပြီမို့
ရေးဖို့လက်ကမ်း မမျှော်မှန်း
ဝံ့တော့ပါ


အို သစ်ပင်ငယ် တစ်ပင်
အေးမြမှုကို ပေးချင်ပါသော်လည်း
ရော်ရွက်ဝါများ ကြွေကျခဲ့ပြီမို့
အလင်းရောင်ထိုး ပူမည်စိုး၍
ပင်ပန်းသူအလာ မစောင့်စားဝံ့ပါ


အို နှင်းဆီငယ်တစ်ပွင့်
မွှေးပျံ့မှုကို ပေးချင်သော်လည်း
အရောင်ညှိုးနွမ်း မလန်းပြီမို့
ပန်ဆင်သူဖို့ အလှမတိုး၍
ဆံနွယ်ရှေ့မှောက် မခစားဝံ့တော့ပါ

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ

နေ့စွဲမဲ့ လွမ်းဝတ်ရုံလွှာ
================

ပန်းနုရောင် နှုတ်ခမ်းစွန်းက အပြုံးလေးမှာ
ငါ့နှလုံးသွေး မြေခတာကို တွေးရင်း
လွမ်းမိတယ် ချစ်သူ


ပုလဲဖြူရောင် မျက်ဝန်းလေးမှာ
ငါ့အသည်းလေး ကြွေကျတာကို တွေးရင်း
လွမ်းတယ် ချစ်သူ


ဖန်သားရောင် စိတ်ထားလေးမှာ ကြည်နူးဖူးတဲ့
အိမ်မက်တွေကို ပြန်တွေးရင်း
ငါလွမ်းတယ် ချစ်သူ


ဒီအချိန်တွေ ကုန်သွားမှာကို ငါကြောက်လို့
နေ့စွဲတွေ ဖြိုချရင်း ပုံရိပ်နဲ့
လွမ်းရုပ်လွှာကို ခြုံထားပါတယ် ချစ်သူ




PS : တခါတုန်းက အဖြစ်အပျက်လေးတွေကို တစ်ယောက်သောသူ အတွက် ရေးထားတဲ့
       တစ်ယောက်သောသူရဲ့ စာမျက်နှာပေါ်တင်ခွင့်မရလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ ။


       Thanks , My Friend Nyein Chan For UR Idea About The Title. :)

Nov 3, 2011

မလင်းခဲ့တဲ့ကြယ်


မလင်းခဲ့တဲ့ ကြယ်
==========

နေပူကျဲကျဲပြေးလွှားတောင် မမောပဲ
ဒီ “မျက်ဝန်းလေး” တေးသွားမှာ
“ငါ” မောတယ် ….

သူရယ် …. ကျွန်တော်ရယ် …
ဟိုးအဝေး ….. ခပ်လှမ်းလှမ်းက
ကမ္ဘာငယ် တစ်ခုရယ်
(စိတ်ကူးထဲမှာ) ပျော်ခဲ့ဖူးတယ် ….

ဒါပေမဲ့လည်းကိုယ့်ဘ၀က
အမှောင်ဆိုတာထက် ညဥ့်နက်တယ် …
အမှောင်တွေထဲမင်းကြောက်မှာလည်းစိုးမိတယ် ….
ခေါ်ဆောင်ယူဖို့ အားမရှိဘူးကွယ် …

ဒီလိုနဲ့ (ကျွန်တော်)
တွေ … ဝေ … နေ … ရင်း
သူ့ရဲ့ဘေးမှာ “ကြယ်” တွေများလာတယ် ...
ဟိုမှာတစ်လုံး … ဒီမှာတစ်လုံးနဲ့ …
အမှောင်တွေပဲညဥ့်နက်လို့လား …. ?
ငါကပဲ“ကြယ်”တွေလိုမျိုး​မလင်းတတ် လို့လား … ?

ဟုတ်ပါတယ် …ကောင်မလေးရယ်
ငါဟာ ငါ့မျက်လုံးတွေကို
ညာခဲ့တဲ့ ကောင်ပါကွယ် ….

Oct 31, 2011

မိုးနှောင်းမုန်တိုင်း


မိုးနှောင်းမုန်တိုင်း




နိုဝင်ဘာ ရောက်မှ မိုးကသည်းလွန်းတယ်
ဒီမိုးရယ်
ဒီဆောင်းရယ်
အေးလိုက်တာမှ မြက်ပင်တွေတောင် ဖျားကုန်ပြီကွယ် …

ဖန်ခွက်ထဲက (ငါ့) မျက်ရည်တွေကိုလည်း
အကြောက်အလန့်မရှိသောက်သုံးတတ်တဲ့ကောင်
တဖြည်းဖြည်းနဲ့

(င့ါဝိညာဉ်က)
အချစ် ဆိုတာကိုလည်းကြောက်တတ်လာတယ် ….

ရုတ်ချည်းပြောင်းလဲသွားတဲ့ "မိုးလေ၀သ" နဲ့
ချက်ချင်းထုတ်ပြန်လိုက်တဲ့ "ကြေငြာချက်" ဟာ
တို့နှစ်ယောက်ကြားက
ခင်မင်ခြင်းတွေကိုခေါ်ဆောင်သွားတယ် …

ဒါကြောင့် ရာသီဥတုကိုသိပ်မယုံပါနဲ့
ညီမျှခြင်းတွေမှားနေတဲ့ ရာသီဥတုဟာ
တစ်ခါတစ်ရံမှာ
ရလဒ်မှားတွေကိုထုတ်ပေးတတ်တယ် ….

May 24, 2009

စတင်ခြင်း

မင်္ဂလာပါ


ကျွန်တော့်ရဲ့ Roemtic Era ဆိုတဲ့ဘလော့လေးကို ဒီနေ့ စတင်ဖွင့်လှစ်ပါတယ် ...
ဒီ Blog ထဲမှာတော့ ကျွန်တော်ရေးတဲ့ကဗျာတွေရယ် ကြိုက်တဲ့ကဗျာတွေရယ်
ကျွန်တော့်ခံစားချက်လေးတွေရယ်ကိုပဲ Private ဆန်ဆန်လုပ် ဖြစ်မယ်ထင်ပါတယ်
ဘာရယ် ညာရယ်မဟုတ်အပြင်းပျေ လက်တည့် စမ်းတဲ့သဘောပါပဲ
အဆင်ပြေရင်တော့ သီချင်းလေးတွေနဲ့ Flash Song တွေပါ တင်ဖို့အစီစဉ်ရှိပါတယ်


ဘာမှရေရေရာရာမရှိသေးတဲ့ ဒီဘလော့လေးကို လာလည်ပေးလို့ ကျေးဇူး .... :D

Twitter Delicious Facebook Digg Stumbleupon Favorites More